ကွန်ပြူတာနှင့်ချိတ်ဆက်သောအခါ နားကြပ်များ အသံမထွက်ပါ။

Update Time: 2024-09-30 11:22:47

ဖြေရှင်းနည်း

မှတ်ချက် : Bluetooth ချိတ်ဆက်မှုမှတစ်ဆင့် သင်၏ Bluetooth နားကြပ်များကို ကွန်ပျူတာနှင့် ချိတ်ဆက်ထားကြောင်း စစ်ပါ။ သင့်ကွန်ပျူတာပေါ်တွင် သင်၏ Bluetooth စက်အမည်ကို ရှာမတွေ့ပါက၊ဆိုလိုသည်မှာ သင်၏ Bluetooth နားကြပ်များသည် သင့်ကွန်ပျူတာနှင့် ချိတ်ဆက်ထားခြင်း မရှိပါ။


1, အကယ်၍ သင်သည် နားကြပ်များကို Bluetooth မှတစ်ဆင့် ကွန်ပျူတာနှင့် အောင်မြင်စွာ ချိတ်ဆက်ထားသော်လည်း နားကြပ်မှတဆင့် အသံမကြားရပါက သို့မဟုတ် မိုက်ခရိုဖုန်း အလုပ်မလုပ်ပါက၊ ကျေးဇူးပြု၍ သင့်ကွန်ပျူတာ ဆက်တင်များကို ပြောင်းလဲရန် ကြိုးစားပါ။

ကွန်ပျူတာပေါ်တွင် ပြသထားသည့် menu items များသည် မော်ဒယ် သို့မဟုတ် OS ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်သည်။

For Windows 11

  1.  Start menu ကိုဖွင့်ပြီး  Settings → System → Sound ကိုရွေးချယ်ပါ ။

  2. အောက်သို့ဆွဲချပြီး Advanced menu တွင် More sound settings ကိုရွေးချယ်ပါ။

  3. Playback tab တွင် Headphones ကိုရွေးချယ်ပြီးနောက် Set as Default Device ကိုနှိပ်ပါ။

  4. setting screen ကိုပိတ်ရန် OK ကိုနှိပ်ပါ။

For Windows 10

  1. computer screen ၏ညာဖက်တွင်, Speaker icon ကို right-click နှိပ်ပါ။

  2.  Open Sound settingsကိုဝင်ပြီး Sound Control Panel ကိုရွေးချယ်ပါ။

  3. device list ကိုပြရန်   Playback tab ကိုရွေးချယ်ပါ။

  4. Hands-free ပြထားသည့် Headset  ကိုရွေးချယ်ပါ ။ပြီးနောက် Set as Default Device ကိုနှိပ်ပါ။
    သတိ :တူညီသော နားကြပ် မော်ဒယ်ဖြစ်နေလျှင် Hand-Free ဖြင့် တံဆိပ်တပ်ထားသော မော်ဒယ်ကို ရွေးချယ်ပါ။

  5. setting screen ကိုပိတ်ရန် OK ကိုရွေးချယ်ပါ။


2. ကွန်ပြူတာဆက်တင်များကို ပြောင်းလဲသော်လဲ ပြောင်းမရခြင်း

သင့်ကွန်ပြူတာဆက်တင်များကို ပြောင်းလဲခြင်းပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက အောက်ပါအဆင့်များကို လိုက်နာပါ။

  1. နားကြပ်များကိုပိတ်ပြီး ပြန်ဖွင့်ပါ။.
    Truly Wireless နားကြပ်များအတွက် မှတ်ချက် : နားကြပ်များကိုပိတ်ရန် အားသွင်းဗူးတွင်ထည့်၍ အဖုံးကိုပိတ်ပြီးနောက် ၎င်းတို့အား အားသွင်းဗူးမှပြန်ထုတ်လိုက်ပါ။

  2. computer ကို Restart လိုက်ပါ။

  3. Reset the headphones ကို Reset လိုက်ပါ။

  4. headphones ကို Initialize လိုက်ပါ။

    မှတ်ချက်

    • ကနဦးလုပ်ဆောင်ခြင်းသို့ပြန်လိုက်ခြင်းဖြင့် နားကြပ်များကို factory settings သို့ပြန်ရောက်သွားပြီး Bluetooth ချိတ်ဆက်မှု အချက်အလက်အားလုံးပျက်သွားပါမည်။ ချိတ်ဆက်မှုအချက်အလက်ကို ကွန်ပျူတာမှ ဖျက်ပြီး တွဲချိတ်ခြင်းကို ထပ်မံလုပ်ဆောင်ပါ။

    • "LE-xxxxx (မော်ဒယ်အမည်)" ဟူသော နားကြပ်ဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ထားလျှင် နားကြပ်များကို Low Energy mode စွမ်းအင်နိမ့်မုဒ်တွင် ကွန်ပျူတာနှင့် တွဲချိတ်ထားကြောင်းပြသည်။ ၎င်းသည် ဘလူးတုသ်ချိတ်ဆက်မှုကို ပျက်သွားစေနိုင်ပြီး နားကြပ်များမှ အသံကို မကြားနိုင်တော့ပေ။၎င်းကိုရှောင်ရှားရန် ၎င်းတို့၏အမည်တွင် "LE-xxxxx" မရှိသော နားကြပ်များကို တွဲချိတ်ပါ။ pairing တွဲချိတ်ရာတွင် "LE-xxxxx" ကိုသာ ပြသပါက၊ "LE-xxxxx" မပါသော မော်ဒယ်အမည် ပေါ်လာသည်အထိ ခဏစောင့်ပါ။

  5. ပြဿနာ ဆက်ရှိနေသလားဆိုတာ သိဖို့ရန် နားကြပ်ကို တခြားအက်ပ် ဒါမှမဟုတ် ကွန်ပျူတာနဲ့ ချိတ်ဆက်ကြည့်ပါ။


တစ်နည်းအားဖြင့် နောက်ထပ်အကူအညီအတွက် အနီးဆုံး တရားဝင်ခွင့်ပြုထားသော realme ဝန်ဆောင်မှုစင်တာသို့ သွားရောက်နိုင်သည်။


Thanks for your feedback
Please tell us how to help you better
0/300
Didn't find what you were looking for? Please contact us
Choose your market
Products may have different prices and availability based on market
Asia-Pacific
Europe
Middle East and Africa
Latin America
Other Regions