လုပ်ဆောင်ချက်နည်းလမ်းများ
1. Multi-function Button ခလုတ်ပါရှိသော Bluetooth နားကြပ်:
နားကြပ်နှစ်လုံးကို Charger Box ထဲသို့ထည့်ပါ၊ Charger Box ၏အဖုံးကိုဖွင့်ပါ၊ အချက်ပြမီးမှိတ်တုတ်မှိတ်တုတ်ပြသည်အထိ Multi-function Button ကို 10 စက္ကန့်ခန့် ဖိထားပြီး ၊ နားကြပ်များ၏ လက်ရှိတွဲဆက်မှုမှတ်တမ်းကို ရှင်းလင်းပြီး Factory Settings ကို ပြန်လည်ရယူပါ။
2. realme Buds Q:
ဖုန်း Bluetooth မှ realme Buds Q ကို ရှာတွေ့သည်အထိ နားကြပ်နှစ်ခုလုံးကို Charger Box ထဲသို့ထည့်ပါ၊ Charger Box ၏အဖုံးကိုဖွင့်ကာ နားကြပ်နှစ်ခု၏ touch area ကို 5 စက္ကန့်ကျော်ကြာ Factory Settings ချခြင်း အောင်မြင်သည်အထိ တစ်ချိန်တည်းဖိထားပါ၊၊
5 စက္ကန့်ကျော်ကြာ တစ်ချိန်တည်းဖိထားပါ
3. realme Buds Q2, realme Buds Q2s:
ဖုန်း Bluetooth မှ realme Buds ကို ရှာတွေ့သည်အထိ နားကြပ်နှစ်ခုလုံးကို Charger Box ထဲသို့ထည့်ပါ၊ Charger Box ၏အဖုံးကိုဖွင့်ကာ နားကြပ်နှစ်ခု၏ touch area ကို 10 စက္ကန့်ကျော်ကြာ Factory Settings ချခြင်း အောင်မြင်သည်အထိ တစ်ချိန်တည်းဖိထားပါ၊၊
4. realme Buds Wireless, realme Buds Wireless 2, realme Buds Wireless Pro:
နားကြပ်ကို Power ဖွင့်ရန် နားကြပ်နှစ်ခုကို ခွဲထားပါ၊ "Volume +" နှင့် "Volume -" ကို 5 စက္ကန့်ကျော်ကြာ အချက်ပြမီး အနီရောင်ပြလာသည်အထိဖိထားပြီး Factory Settings များကို ပြန်လည်ရယူနိုင်ပါသည်။
5. realme Buds Wireless 2 Neo:
နားကြပ်ကို Power ဖွင့်ရန် နားကြပ်နှစ်လုံးကို ခွဲထားပါ Factory Settings များကို ပြန်လည်ရယူရန် အလယ်ရှိ Multi-function Button ကို 10 စက္ကန့်ကြာ နှိပ်ပြီး ဖိထားပါ။
မှတ်ချက်:
1. ကြိုးတပ်နားကြပ်များ (ဥပမာ realme Buds Classic) သည် ပြန်လည်၍ Factory Settings ချရန် မလိုအပ်ပါ။
2. realme Buds Q2 နှင့် realme Buds Q2s များသည် နားကြပ်တစ်ဖက်ပျောက်ဆုံးပြီး အစားထိုးပြီးနောက် ပြန်လည်ချိတ်ဆက်ရန်လိုအပ်သောကြောင့် နားကြပ်နှစ်ဖက်လုံးကို Charger Box တွင် ထည့်ထားကာ Charger Box ၏ အဖုံးကိုဖွင့်၍ နားကြပ်ဘယ်ဘက်နှင့် ညာဘက်ကို တစ်ပြိုင်နက်တည်း သုံးကြိမ်ဖိရန်လိုအပ်ပါသည်။ ၊ နားကြပ်နှစ်ခု၏ touch area ကို 10 စက္ကန့်ကျော်ကြာ တစ်ပြိုင်နက်တည်းဖိထားပါ၊၊ ထို့နောက် ဖုန်း Bluetooth မှ realme Buds Q2 ကိုရှာတွေ့ပါက Factory Settings ချခြင်း အောင်မြင်ပါသည်။